မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 7, 2017

စင်ကာပူနှင့် မြန်မာ ကွင်းပိတ် ခြေစမ်းပွဲ တဖက် ၁ ဂိုးစီ သရေကျ




စင်ကာပူ နိုင်ငံမှာ မနေ့ညက ကန်သွားတဲ့ နိုင်ငံ တကာ ဘောလုံး ခြေစမ်း ပွဲစဉ်မှာ မြန်မာ့ လက်ရွေးစင် အသင်းနဲ့ အိမ်ရှင် စင်ကာပူ အသင်းတို့ တဖက် တဂိုးစီနဲ့ သရေကျ သွားပါတယ်။

မြန်မာ အသင်း အတွက် ဦးဆောင် အဖွင့်ဂိုးကို ပွဲချိန် ဒုတိယပိုင်း ၆၅ မိနစ်မှာ တိုက်စစ်မှူး အောင်သူက သွင်းပေး ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူ အတွက် ချေပဂိုး ကိုတော့ လူစား ဝင်လာတဲ့ နာဇရီက ပွဲပြီးခါနီး မိနစ် ၉၀ ကျမှ သွင်းယူနိုင် ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနည်းပြ စန္ဒြာမိုးသီးကတော့ ဒီနေ့ပွဲမှာ စင်ကာပူအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်တဲ့အကြောင်း၊ ဘောလုံးပိုင်ဆိုင်မှုပိုရပြီး ဒီပွဲရလဒ်ကို ကျေနပ် အားရတဲ့ အကြောင်း ပြောပါတယ်။

ဒီပွဲကို ဂျလန်ဘီဆာ အားကစားကွင်းမှာ ပရိသတ်မပါဘဲ ကွင်းပိတ်ပွဲအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဇွန်လ ၉ ရက်နေ့မှာ စင်ကာပူလိဂ် လက်ရှိချန်ပီယံ အယ်ဘီရက်ဇ် နီဂါတာအသင်းနဲ့ ဒုတိယခြေစမ်းပွဲ ကစားဖို့ရှိပြီး ဒီပွဲကို စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ အခမဲ့ လာရောက်အားပေးနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210982

No comments:

Post a Comment