မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 7, 2015

ပရီးမီးယားလိဂ်ပွဲ မန်ယူ ၂ – ၀ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် နိုဝင်ဘာ ၇ ရက်နေ့က မန်ချက်စတာ ယူနိုက်တက်နဲ့ ၀က်စ်ဘရွန်းတို့ ယှဉ်ပြိုင်ကြရာ မန်ချက်စတာ ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ မန်ယူက ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ၀က်စ်ဘရွန်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ပထမပိုင်း ပြီးတဲ့အထိတော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ခဲ့ပါတယ်။

မန်ယူအတွက် အဖွင့်ဂိုးကို ၅၂ မိနစ်မှာ လူငယ်တိုက်စစ်မှူး လင်ဂတ်ဒ် (Jesse Lingard) က ၀က်စ်ဘရွန်း ဂိုးဧရိယာထဲကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူအသင်းအတွက် သူသွင်းယူပေးတဲ့ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။

ဒီပွဲအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကိုတော့ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ မန်ယူအတွက် ခြေစွမ်းပြ ကစားနေတဲ့ မာရှယ် (Anthony Martial) ကြောင့်ရတဲ့ ပယ်နယ်တီကို မာတာ (Juan Mata) က သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာ ၀က်စ်ဘရွန်းအသင်းက ဂရတ်သ် မက်အော်လေ (Gareth McAuley) တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီပွဲနိုင်တဲ့ မန်ယူအသင်းဟာ ရမှတ် ၂၄ မှတ်နဲ့ လောလောဆယ် အမှတ်ပေးဇယား နံပါတ် ၄ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး ၀က်စ်ဘရွန်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120846

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment