နိုဝင်ဘာ ၇ ရက်ညက ယှဉ်ပြိုင်တဲ့ စတုတ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စတုတ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒါဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၇ ပွဲမြောက် ရှုံးနိမ့်တဲ့ပွဲလည်း ဖြစ်ပါတယ်။
စတုတ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ မာကို အာနော်တိုဗစ်ခ်ျ (Marko Arnautovic) က သွင်းယူပေးခဲ့တာပါ။
ဒီပွဲအရှုံးကြောင့် ချဲလ်ဆီးအသင်းဟာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး စတုတ်ကတော့ ၁၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120881
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment