မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 27, 2016

ဂျီနိုအာတွင် ကစားနေသည့် တီကိုနည်းပြ ဆီမြွန်နီ၏သား ပထမဆုံးပွဲတွင် ဂိုးသွင်းယူ




အက်သလက် တီကို နည်းပြ ဆီမြွန်နီရဲ့ သားဖြစ်တဲ့ ဂျီအိုဗန်နီ ဆီမြွန်နီဟာ အီတလီ ကလပ် ဂျီနိုအာ အသင်း အတွက် ပထမဆုံး ပွဲမှာပဲ ဂိုးသွင်း ယူနိုင် ခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိ ဂျီအိုဗန်နီဟာ ဒီနှစ်ရာသီအစက အာဂျင်တီးနားကလပ် ရေးဗား ပလိတ်ကနေ ဂျီနိုအာ အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး ပွဲဦးထွက်မှာပဲ ဂိုးသွင်း ယူနိုင် ခဲ့တာပါ။

ဂျီအိုဗန်နီဆီမြွန်နီဟာ သူ့ရဲ့ဖခင်ဖြစ်တဲ့ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ အက်သလက်တီကိုအသင်းမှာ ကစားနေတဲ့ ၁၉၉၅ ခုနှစ်က မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တာပါ။

အာဂျင်တီးနား ယူ ၂၀ လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲမှာ ၁၀ ဂိုး သွင်းယူထားတဲ့ ဂျီအိုဗန်နီအနေနဲ့ သူ့ရဲ့ဖခင် ဆီမြွန်နီလိုပဲ အောင်မြင်တဲ့ ကစားသမားတဦး ဖြစ်လာလိမ့်မယ်လို့ ဥရောပမီဒီယာတွေမှာ ရေးသားနေကြပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169929

No comments:

Post a Comment