မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 27, 2016

ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ ၂ – ၀ ၀တ်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)




စက်တင်ဘာ ၂၆ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယား လိဂ်ပွဲစဉ်မှာ ဘန်လေက ၀တ်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ဘန်လေက အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဟန်ဒရစ်က အသင်း အတွက် ပထမဆုံး ဂိုးသွင်း ယူပေးပါတယ်။

အိမ်ရှင် ဘန်လေအတွက် အနိုင်ဂိုးတွေကို ဟန်ဒရစ်နဲ့ ကိန်းတို့က သွင်းယူပါတယ်။

ဝတ်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ တပတ်တုန်းက မန်ယူကို နိုင်ထားပေမယ့် ဒီပွဲမှာတော့ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီပွဲမှာ ၀တ်ဖို့ဒ် ဘောလုံးပိုင်ဆိုင်မှုသာပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။

ဒီပွဲနိုင်တဲ့ ဘန်လေက ၇ မှတ်နဲ့ အဆင့် ၁၃ နေရာကို တက်သွားပြီး ၀တ်ဖို့ဒ်က ၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169922

No comments:

Post a Comment