
မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်း ပေါ်မှာ ရှိသေးပြီး လာမယ့် ဘောလုံးရာသီမှာ ပိုကောင်း လာလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဒီနန်က သုံးသပ် ပြောကြား လိုက်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အပြီးမှာ အမှတ်ပေး ဇယား ထိပ်ဆုံးက ချဲလ်ဆီး အသင်းနဲ့ ၁၃ မှတ် အထိ ကွာဟနေပေမယ့် ချန်ပီယံ ဆုကို မျှော်လင့်လို့ ရတယ်လို့ နောက်တန်း ကစားသမားဟောင်း ဖာဒီနန်က ဆိုပါတယ်။
မန်ယူအသင်းဟာ ရာသီအစ ရလဒ်ဆိုးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အသင်း ၆ သင်း လောက် အပြိုင်လုရမှာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ လက်ရှိရလဒ်ကောင်းတွေကို ဆက်ထိန်းထားဖို့ လိုတယ်လို့လည်း ဖာဒီနန်ကဆိုပါတယ်။
အသက် ၃၈ နှစ်ရှိ မန်ယူနောက်တန်း ကစားသမားဟောင်း ဖာဒီနန် ဟာ ၂၀၁၄ ခုနှစ်က မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် QPR အသင်းမှာ တစ်ရာသီကစားခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ကစားသမားဘ၀က အနားယူခဲ့တာဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181045






No comments:
Post a Comment