
ရန်ပုံငွေ ဘောလုံးပွဲ တပွဲမှာ ဘောလုံး အလိမ်အလှည့် တွေနဲ့ လှလှပပ ကစားပြီး ခြေစွမ်းပြ ခဲ့တဲ့ နေမာကို တဘက်နောက်တန်း လူက ဒူးထောက် ရှိခိုး တောင်းပန်နေတဲ့ ရုပ်သံဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာမှာ ရေပန်း စားနေ ပါတယ်။
လေယာဉ်ပျက်ကျပြီး ဘောလုံးသမားတွေ ဆုံးရှုံးခဲ့ရတဲ့ ဘရာဇီးကလပ် ချာပက်ကိုအန်စီ ဘောလုံးအသင်းအတွက် ရန်ပုံငွေ ဘောလုံးပွဲတပွဲ ဒီဇင်ဘာ ၂၂ ရက်နေ့က ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့မှာ ပြုလုပ်ခဲ့တာပါ။
အဲဒီပွဲမှာ နာမည်ကြီး ဘရာဇီး ဘောလုံးသမားတွေဖြစ်တဲ့ လက်ရှိ ဘာစီလိုနာ တိုက်စစ်မှူး နေမာ၊ လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ ကာကာ၊ ရော်ဘင်ဟို၊ လူငယ်တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်တို့လို့ ဘောလုံးသမားတွေအပြင် ဖော်မြူလာဝမ်း ကားမောင်းသမား Felipe Massa လည်း ပါဝင်ခဲ့ပါတယ်။
နှစ်သင်းခွဲယှဉ်ပြိုင်တဲ့ ဒီပွဲမှာ နေမာက အဝါရောင်ဝတ်စုံဝတ်အသင်းက ပါဝင်ခဲ့သလို ကာကာ၊ ဂါဘရီရယ် ဂျီးဆပ်တို့က အစိမ်းရောင်ဝတ် အသင်းမှာ ပါဝင်ခဲ့တာပါ။
ဒီပွဲမှာ ကာကာပါဝင်တဲ့ အစိမ်းရောင်အသင်းက နေမာပါဝင်တဲ့ အဝါရောင်ဝတ်အသင်းကို ၁၃ ဂိုး ၉ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181039





No comments:
Post a Comment