
ချဲလ်ဆီး အသင်းဟာ မိုနာကို ကွင်းလယ် ကစား သမား ဘာကာ ရိုကို ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရသွား ပါတယ်။
အသက် ၂၂ နှစ်ရှိ ပြင်သစ် လက်ရွေးစင် ဘာကာ ရိုကိုဟာ ရက်ပိုင်း အတွင်းမှာ ချဲလ်ဆီး အသင်းဆီ ဆေးစစ်ဖို့ ရောက်ရှိ လာတော့မှာပါ။
ကွင်းလယ်ခံစစ်ကစာသးမားတစ်ဦးဖြစ်တဲ့ ဘာကာရိုကိုဟာ ပြီးခဲ့တဲ့ရာသီက မိုနာကို နဲ့ အတူ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီ၊ မန်စီးတီး စတဲ့အသင်းတွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှုရယူ နိုင်ခဲ့တာပါ။
ချဲလ်ဆီးအသင်းကွင်းလယ်မှာ ကန်တေက ပုံမှန်ပွဲထွက်ခွင့် ရနေပြီး ဘာကာရိုကို ရောက်ရှိလာမှာဖြစ်လို့ ဖာဘရီဂတ်စ်နဲ့မာတစ်တို့ဟာလည်း အသင်း ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
ဘာကာရိုကိုဟာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းမှာ လူငယ်ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ မိုနာကို အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက မိုနာကိုအသင်းအတွက် ပွဲပေါင်း ၅၁ ပွဲကစားခဲ့ပြီး ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/211701

No comments:
Post a Comment