
မတ် ၂၆ ရက်နေ့က အင်္ဂလန်မှာ ယှဉ်ပြိုင် သွားတဲ့ ရန်ပုံငွေ ရှာဖွေတဲ့ ပွဲစဉ်မှာ လီဗာပူး အသင်းက စပိန် ရီးရဲလ် မက်ဒရစ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အခု ပွဲစဉ်ဟာ လီဗာပူး အသင်းရဲ့ လူမှုရေး လုပ်ငန်းတွေ အတွက် ရန်ပုံငွေ ရှာဖွေတဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်ဖက် စလုံးမှာ ကစားသမား aဟာင်းတွေ ပါဝင် ကစားသွား ပါတာယ်။
လီဗာပူးအသင်းမှာ စတီဗင်ဂျရတ်၊ မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာတို့ ပါဝင်ပြီး ရီးရဲလ်အသင်းမှာ လူးဝစ် ဖီဂို၊ ဆီးဒေါ့တို့လို ကစားသမားတွေ ပါဝင်ကစားသွားပါတယ်။
လီဗာပူးအတွက် ဂိုးတွေကို မိုက်ကယ် အိုဝင်၊ ဂျွန် အော်ဒရစ်၊ ဖောင်လာနဲ့ စတီဗင် ဂျရတ်တို့က သွင်းယူပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးတွေကို ကွန်ဂို၊ ဖာနန်ဒို မိုရီရန်တက်စ်နဲ့ ရူဘန်တို့က အသီးသီး သွင်းယူပါတယ်။
ပွဲသိမ်းချိန်မှာတော့ လီဗာပူးက ရီးရဲလ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/197682

No comments:
Post a Comment