
မန်ယူ ကွင်းလယ် ကစား သမားဟောင်း ပေါလ်စခိုးက တိုက်စစ်မှူး ရွန်နီကို အဲဗာတန် အသင်းဆီ မပြောင်းဖို့ တိုက်တွန်း လိုက်ပါတယ်။
တိုက်စစ်မှူး ရွန်နီဟာ မန်ယူ နည်းပြသစ် မော်ရင်ဟို လက်ထက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် မရဘဲ ဖြစ်နေ တာပါ။
ပေါလ်စခိုး ကတော့ ရွန်နီ အနေနဲ့ မန်ယူမှာ ဆက်နေပြီး အောင်မြင် မှုတွေ ရအောင် လုပ်နိုင် လိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။
အဲဗာတန် နည်းပြ ကိုးလ်မန်း ကလည်း ရွန်နီကို ခေါ်ယူဖို့ စိတ်ဝင် စားကြောင်း ပြောဆို ထားပါတယ်။
ပေါလ်စခိုးဟာ မန်ယူမှာ ရွန်နီနဲ့ အတူ ကာလကြာရှည် လက်တွဲ ကစားခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။
ရွန်နီအနေနဲ့ မန်ယူမှာ ခြေစွမ်းပြ ကစားနိုင်ရင် အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း အလိုအလျောက် နေရာရမှာ ဖြစ်တယ်လို့လည်း ကွင်းလယ်သမားဟောင်းက ဆိုထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/197691

No comments:
Post a Comment