
အမေရိကန် နိုင်ငံမှာ မနေ့က ယှဉ်ပြိုင် သွားတဲ့ မီယာမီ အိုးပန်း တင်းနစ် ပြိုင်ပွဲ အမျိုးသား တယောက်ချင်း တတိယ အဆင့်မှာ ရော်ဂျာ် ဖက်ဒရာက ဂျူအန် မာတင် ဒယ်ပေါ် တိုကို အနိုင်ရ သွားပါတယ်။
နာမည်ကြီး ဖက်ဒရာဟာ ပြီးခဲ့တဲ့နှစ်က ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့် ဒီနှစ် အစောပိုင်းမှာတော့ သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ရရှိထားပါတယ်။
ဒီပွဲမှာ ဖက်ဒရာက ဒယ်ပေါ်တိုရဲ့ စပေးဘောတွေကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အပြန်အလှန် ရိုက်ချက်တွေကနေ အသာစီးယူနိုင်ခဲ့ပါတယ်။
ပထမပွဲကို ဖက်ဒရာက ၆-၃၊ ဒုတိယပွဲကို ၆-၄ နဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။
ဂရန်းစလန်းဆုဖလား ၁၈ ကြိမ် ရဖူးထားတဲ့ ဖက်ဒရာဟာ မီယာမီအိုးပန်း စတုတ္ထအဆင့်မှာတော့ စပိန်က ရော်ဘတ်တို ဘူတစ်တာနဲ့ ယှဉ်ပြိုင်ရမှာပါ။
မီယာမီအိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ဒေါ်လာ ၁ သန်း ၁ သိန်းကျော် ပေးအပ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/197975





No comments:
Post a Comment