
၁၁ ကြိမ်မြောက် အသက် ၁၉ နှစ်အောက် အာရှ လူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲကို နေပြည်တော်မှာ ရှိတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (ဘီ) မှာ ဒီကနေ့ မနက် စတင် ကျင်းပနေ ပါတယ်။

ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တက်ရောက် အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

အာရှလူငယ် ဘော်လီဘောပြိုင်ပွဲမှာ ဟောင်ကောင်၊ မြန်မာ၊ ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ၊ ဂျပန်၊ တရုတ်၊ တရုတ်(တိုင်ပေ)တို့က ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ပွဲစဉ်တွေကို မတ်၂၈ ရက်ကနေ ဧပြီလ ၅ ရက်အထိ တစ်နေ့ကို ပွဲစဉ် ၃ပွဲစီ အနိုင်၊ အရှုံးထွက် ပွဲစဉ်တွေနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ By အောင်ကိုကိုလတ်
Originally published at - http://burmese.dvb.no/archives/197975





No comments:
Post a Comment