မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 28, 2017

မြန်မာဘော်လီဘော အသင်း အဆင် ၁ မှ ၈ အတွင်း ၀င်အောင် ကြိုးစားမယ်




နေပြည်တော် ၊မတ်လ (၂၈) ရက်။

(၁၁) ကြိမ်မြောက် အသက် (၁၉)နှစ် အောက် အာရှ လူငယ် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိ အားကစားရုံ (B) မှာ ဒီကနေ့ ကျင်းပ ပါတယ်။

ဘောလီဘောပြိုင်ပွဲမှာဆိုရင် ဟောင်ကောင်၊မြန်မာ၊ သြစတေးလျ၊ကိုရီယား၊ဘင်္ဂလားဒေ့ရှ်၊အီရန်၊ထိုင်း၊သီရိလင်္ကာ၊ဂျပန်၊တရုတ်နဲ့ တရုတ်(တိုင်ပေ) တို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး စုစုပေါင်း (၁၁)နိုင်ငံ ပါဝင်ပါတယ်။

ဒီပြိုင်ပွဲမှာ ဆိုရင် မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့်(၈)ထဲ ဝင်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

မြန်မာအသင်းနည်းပြ ကိုကျော်စွာဝင်းက’ ကျွန်တော်တို့အသင်းအနေနဲ့ 1 to 8 ထဲထိဝင်နိုင်အောင်တော့ ကြိုးစားထားပါတယ်lလေ့ကျင့်ရတာကလည်း ဆယ်တန်းစားမေးပွဲပြီးမှ လူစုံစုံနဲ့ လေ့ကျင့်ဖြစ်တယ်’လို့ ပြောပါတယ်။

ဒီပြိုင်ပွဲကို မတ်လ(၂၈)ရက်မှ ဧပြီလ (၅)ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မာရီခိုင်

Originally published at - http://www.kumudranews.com

No comments:

Post a Comment