မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

ခြေစွမ်းကျဆင်းမှုကို အကောင်းဆုံး ပြန်ကြိုးစား နေတယ်လို့ Fabregas ပြော




ချယ်လ်ဆီး ကွင်းလယ် ကစားသမား Cesc Fabregas ဟာ ခြေစွမ်းတွေ ကျဆင်းနေပြီး ယခင်နှစ် ကလောက် ကြောက်မက်ဖွယ် မကောင်းတော့ တာကို တော်တော် များများ သတိပြု မိကြမှာပါ။ သူဟာ ဘာစီလိုနာ အသင်းကနေ ချယ်လ်ဆီး အသင်းကို ရောက်လာတဲ့ အချိန်မှာတော့ သူဟာ အကောင်းဆုံး ခြေစွမ်းတွေ ပြနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် အရေးပါတဲ့ ပေးပို့ မှုတွေနဲ့ ထောက်ပံ့ ပေးနိုင်ခဲ့တာပါ။

Fabregas ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ဂိုးဖန်တီးမှု ခြောက်ကြိမ်သာပြုလုပ်ထားနိုင်ပြီး အခြားသောကွင်းလယ်ကစားသမာတွေနဲ့ ယှဉ်ရင်တော့ အတော်လေး အားနည်းနေသေးတာကို တွေ့ရမှာပါ။ အခွင့်အရေးဖန်တီးမှု ၅၃ ကြိမ်ဆိုတာကလည်း အခြားသော ထိပ်တန်းကွင်းလယ်လူတွေဖြစ်တဲ့ Ozil (၉၈ ကြိမ်) ၊ Hazard (83 ကြိမ်) တို့နဲ့ ယှဉ်ရင်အတော်လေး ကျဆင်းနေပါတယ်။ ဒါကြောင့်
Fabregas ဟာ အခြားသော ကစားသမားတွေနဲ့ ချိန်ထိုးရင် အတော်လေး ခြေစွမ်းကျနေတာကြောင့် ဝေဖန်ခံနေရတာပါ။

အခြားအသင်းဖော်တွေဖြစ်တဲ့ Hazard , Diego Costa တို့ဟာလည်း ခြေစွမ်းကျဆင်းမှုအတွက် ဝေဖန်ခံနေရလို့ ဖိအားတွေ ရင်ဆိုင်နေရပြီး အနာဂတ် မတည်ငြိမ်မှုတွေ ဖြစ်လာတာပါ။ ဒါ့အပြင် ရလဒ်တွေ ဆိုးဝါးနေတဲ့ ချယ်လ်ဆီးနည်းပြ Mourinho ကိုလည်း အသင်းဘုတ်အဖွဲ့က နောက်ထပ်နှစ်ပတ် စောင့်ကြည့်မယ်လို့ အသိပေးထားပြီး ရလဒ်တွေ ဆိုးဝါးနေအုံးမယ်ဆိုရင် ရာထူးက ဖယ်ရှားခံရ နိုင်တယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယနေ့ညမှာ ကတ်ပီတယ်ဝမ်းဖလားအဖြစ် စတုတ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ်လို့လည်း သိရပါတယ်။

Ref :Dailymail

Original link - http://sports.thithtoolwin.com/2015/10/fabregas.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment