မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 25, 2016

ဟော်လန် ဂန္ထ၀င်ကစားသမား ဂျိုဟန်ခရိုက်ဖ် ကွယ်လွန်



ဓာတ်ပုံ - ရိုက်တာ

အသက် ၆၈ နှစ်အရွယ် ဟော်လန်နဲ့ ဘာစီလိုနာဂန္ထ၀င် ကစားသမား ဂျိုဟန်ခရိုက်ဖ်ဟာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဂျိုဟန်ခရိုက်ဖ်ဟာ ကစားသမားဘ၀မှာ အေဂျက်နဲ့ ဘာစီလိုနာ စတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အောင်မြင်မှုရခဲ့တာပါ။

ကစားသမားဘ၀မှာ ပွဲပေါင်း ၅၁၄ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၂၉၀ သွင်းပေးထားသူပါ။

ဒါ့အပြင် ဟော်လန်လက်ရွေးစင်၊ အေဂျက်၊ ဘာစီလိုနာအသင်းတို့နဲ့အတူ Total Football ကစားကွက်တွေနဲ့ အောင်မြင်မှုတွေကို ရခဲ့သူဖြစ်ပါတယ်။

သူဟာ ကစားသမားဘ၀မှာရော နည်းပြဘ၀မှာပါ ဖလားတွေ၊ ဆုတံဆိပ်တွေ များစွာ ရထားသူဖြစ်ပေမယ့် ကမ္ဘာ့ဖလားကိုတော့ မရခဲ့ပါဘူး။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140939


No comments:

Post a Comment