
မန်ယူ အသင်းဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်း နောက်တန်း ကစားသမား ဗစ်တာ လင်ဒီလော့ဖ်ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေပါတယ်။
အသက် ၂၂ နှစ်ရှိ ဆွီဒင် လက်ရွေးစင် ဗဟိုနောက်တန်း ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်း ပေးချေ ရမှာဖြစ်ပြီး ဘင်ဖီကာ အသင်း နဲ့လည်း ဆွေးနွေး ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဗစ်တာလင်ဒီလော့ဖ်ဟာ ဥရောပမှာ ထွန်းတောက်လာမယ့် လူငယ် ဗဟိုနောက်တန်းကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး ဆွီဒင် သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေမှာ ပါဝင်ကစားခဲ့ သလို ဒီနှစ် အတွင်းမှာပဲ ဆွီဒင် လက်ရွေးစင် အသင်းမှာ ရွေးချယ် ခံခဲ့ရတာပါ။
မန်ယူအသင်းဟာ အိုင်ဗရီကို့စ်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲ သွားကစားရမယ့် အဲရစ်ဘိုင်လီရဲ့နေရာကို အစားထိုးဖို့အတွက် ဗစ်တာလင်ဒီလော့ဖ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Getty Images
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180588





No comments:
Post a Comment