
ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ပေရက်ဟာ ပြင်သစ်မြေကို ပြန်ပြီး မာဆေး အသင်းမှာ ကစားဖို့ ချိတ်ဆက်နေ တယ်လို့ သတင်းတွေမှာ ဖော်ပြနေ ပါတယ်။
ပြင်သစ် ကွင်းလယ် ကစားသမား ပေရက်ဟာ မန်ယူနဲ့ ရီးရဲလ် မက်ဒရစ် အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ကာယကံရှင် ပေရက်ကတော့ အသင်းဟောင်း မာဆေးကို ပြန်ဖို့ စိတ်ဝင်စား တယ်ဆိုပြီး ပြောဆိုထားပါတယ်။
ပေရက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်း အသင်းနဲ့ လက်ရွေးစင် ပြင်သစ် အသင်းတို့မှာ ခြေစွမ်းပြ ကစားနိုင် ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ သူတို့ကစားသမားကို ရောင်းမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180473





No comments:
Post a Comment