
အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်းက နောက်တန်း ကစားသမား လီယိုနာဒို ဘိုနူချီကို စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။
စာချုပ် သစ်ကြောင့် နောက်ခံလူ ဘိုနူချီဟာ ဂျူဗင်တပ်မှာ ၂၀၂၁ ခုနှစ် အထိ ရှိနေမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ အီတလီနောက်ခံလူ ဘိုနူချီဟာ ဆရာဟောင်းရှိတဲ့ ချဲလ်ဆီးနည်းပြ ကွန်တီဆီကို ပြောင်းတော့မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အသက် ၂၉ နှစ်အရွယ် အီတလီလက်ရွေးစင် ဘိုနူချီဟာ ၂၀၁၀ ခုနှစ်မှာ ဘာရီအသင်းကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာပြီး ပွဲပေါင်း ၂၉၁ ပွဲ ကစားပေးထားပါတယ်။
သူဟာ ဂျူဗီနဲ့အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ၅ နှစ်ဆက်တိုက် ရရှိထားပါတယ်။
ဒါ့အပြင် အီတလီဖလား ၂ ကြိမ်နဲ့ ၂၀၁၅ မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180459





No comments:
Post a Comment