မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 20, 2017

မန်စီးတီးနှင့် လီဗာပူး ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)




မတ်လ ၁၉ ရက် ညက ယှဉ်ပြိုင် သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက် တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ ၁ ဂိုးစီ သရေကျ သွားပါတယ်။

အသင်းကြီး ၂ သင်း တွေ့တာမို့ အပြန် အလှန် ထိုးဖောက် ကစားရင်း ပရိသတ် အကြိုက် ဖျော်ဖြေမှု ပေးနိုင်တဲ့ပွဲလည်း ဖြစ်ခဲ့ ပါတယ်။

လီဗာပူး အတွက် ဦးဆောင်ဂိုးကို မန်စီးတီး နောက်ခံလူ ကလစ်ချီရဲ့ ဖျက်ထုတ် မှုကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ဂျိမ်းစ်မီလ်နာက ကန်သွင်း ယူပါတယ်။

အိမ်ရှင် မန်စီးတီးက ဘောလုံး ပိုင်ဆိုင်မှု သာပေမယ့်လည်း ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ဆတူ ရခဲ့ပါတယ်။

မန်စီးတီး အတွက် ချေပဂိုးကို ၆၉ မိနစ်မှာ တောင်ပံဖြတ်တင်ဘောကနေ တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ နှစ်သင်းစလုံး အပိုင်နီးပါး ကန်သွင်းခွင့်တွေရပေမယ့် အသုံးမချနိုင်လို့ တဂိုးစီ သရေရလဒ်နဲ့ ကျေနပ်လိုက်ရပါတယ်။

ဒီပွဲသရေကျလို့ မန်စီးတီးက ၅၇ မှတ်နဲ့ အဆင့် ၃၊ လီဗာပူးက ၅၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196141

No comments:

Post a Comment