
ဆားဗီးယား နိုင်ငံမှာ ကျင်းပ နေတဲ့ ဒေးဗစ် ကပ် (David Cup) ဖလား တင်းနစ် ပြိုင်ပွဲရဲ့ ကွာတား အဆင့် ပွဲစဉ်တွေကို ဇူလိုင် ၁၇ ရက်က ဆက်လက် ယှဉ်ပြိုင်ရာ အာဂျင်တီးနား တင်းနစ် သမားတွေ အနိုင်ရပြီး အကြို ဗိုလ်လုပွဲ အဆင့်ကို တက်သွား ပါပြီ။
တဦးချင်း ပွဲမှာ အာဂျင်တီးနားက ဒဲလ်ဘွန်နစ်က အီတလီက ဖော့နီနီကို ၆-၄၊ ၇-၅၊ ၃-၆၊ ၇-၅ နဲ့ အနိုင်ရ သွားပါတယ်။
အတွဲလိုက် ပြိုင်ပွဲမှာလည်း အာဂျင်တီးနား အသင်းကပဲ အီတလီ အသင်းကို အနိုင်ရ ခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက် ကွာတား နောက်တပွဲမှာ လက်ရှိ ချန်ပီယံ ဗြိတိန်က ဆားဗီးယား အသင်းကို အနိုင်ရခဲ့တဲ့ အတွက် ဆီမီးအဆင့်မှာ အာဂျင်တီးနား အသင်းနဲ့ လက်ရှိ ချန်ပီယံ ဗြိတိန် အသင်းတို့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Getty Images
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159628





No comments:
Post a Comment