
၂၀၁၆-၂၀၁၇ ပရီးမီးယားလိဂ် အမှတ်ပေးပွဲ မတိုင်မှီ ရာသီကြို ခြေစမ်း ပွဲတွေ ကစား နေတဲ့ လီဗာပူး အသင်းဟာ ဇူလိုင် ၁၇ ရက်က ချန်ပီယံရှစ် ကလပ် ၀ီဂန် အသင်းနဲ့ ခြေစမ်း ပွဲစဉ် မှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
လီဗာပူး အသင်း အတွက် အနိုင် ဂိုးတွေကို မိနစ် ၇၀ မှာ ဒန်နီအင့်စ်နဲ့ ၇၄ မိနစ်မှာ ဘန်ဂျမင် ၀ုဒ်ဘန်း တို့က သွင်းယူ ပေးခဲ့ ပါတယ်။
ဒါဟာ လီဗာပူး အသင်းအတွက် ရာသီကြို ခြေစမ်းပွဲ ဒုတိယမြောက် ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း လိဂ်ဝမ်း ကလပ် ဖလိဝုဒ်တောင်းနဲ့ ယှဉ်ပြိုင် ရာမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရ ခဲ့ပါ သေးတယ်။
ဝီဂန် အတွက် ကတော့ ရှုံးပွဲ ဆက်နေ တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း မန်ယူ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ရာမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ ပါသေးတယ်။
From: ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159613

No comments:
Post a Comment