
အာဆီယံ ယူ ၁၆ အုပ်စု က နောက်ဆုံး ပွဲစဉ် အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်တို့ ဇူလိုင် ၁၈ ရက် ညနေက ယှဉ်ပြိုင်ရာ မြန်မာ ယူ ၁၆ အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မြန်မာအသင်း အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁ မိနစ်မှာ ၀င်းနိုင်ထွန်း၊ ၆၇ မိနစ်မှာ ဘိုဘိုအောင်နဲ့ ၈၁ မိနစ်မှာ ထက်ထက်အောင် တို့က သွင်းယူပေး ခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာ အသင်းဟာ ဘောလုံး ပိုင်ဆိုင်ခွင့် ၆၂ ရာခိုင်နှုန်းအထိ ရယူနိုင် ခဲ့သလို ဂိုးကန်သွင်း ခွင့်တွေမှာလည်း အသာစီး ရခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင် ခဲ့တဲ့ အုပ်စု က အခြား ပွဲစဉ်တွေ မှာတော့ သြစတြေးလျက မလေးရှားကို ၇ ဂိုး ၁ ဂိုး၊ ဗီယက်နမ်က စင်ကာပူကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရ သွားပါတယ်။
အုပ်စုတွင်း ပွဲစဉ်တွေ အပြီးမှာတော့ ဗီယက်နမ်က ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမ၊ သြစတြေးလျက ၁၀ မှတ်နဲ့ အုပ်စု ဒုတိယ ရပြီး အကြိုဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။
မြန်မာအသင်းကတော့ ရမှတ် ၇ မှတ်နဲ့ အုပ်စု တတိယနေရာပဲ ရတဲ့ အတွက် အုပ်စု အဆင့်ကနေ လှည့်ပြန် ခဲ့ရပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159835

No comments:
Post a Comment