
ထိုင်းနိုင်ငံက ကြက်တောင်ရိုက်ချန်ပီယံ Ratchanok Intanon ကို တားမြစ်ဆေး သုံးစွဲမှုနဲ့ အပြစ်ပေး ထားတာကို ရုပ်သိမ်း လိုက်ပြီလို့ ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ် (BWF) က ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပါတယ်။
ဒါကြောင့် အသက် ၂၁ နှစ် အရွယ် Ratchanok ဟာ ဘရာဇီး အိုလံပစ်မှာ ၀င်ပြိုင်နိုင်ဖို့ လမ်းပွင့် သွားပါပြီ။
ကမ္ဘာ့ အဆင့် ၄ ဖြစ်တဲ့ Ratchanok ဟာ မေလတုန်းက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အူဘာဖလား (Uber Cup) ပြိုင်ပွဲ ၀င်ခါနီး ဆေးစစ်တဲ့ အခါ တားမြစ်ဆေး သုံးစွဲတယ် ဆိုတာကို စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။
ဒါကြောင့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြိုင်ပွဲဝင်ခွင့် ဆိုင်းငံ့ခံ ထားရတာ ဖြစ်ပါတယ်။
အခုတော့ ကြက်တောင် အဖွဲ့ချုပ်က ဆိုင်းငံ့ပြစ်ဒဏ်ကို ရုပ်သိမ်းပေးလိုက်တဲ့ အကြောင်း ထိုင်းနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်က ဘန်ကောက် သတင်းစာ ရှင်းလင်း ပွဲမှာ ကြေညာ ပါတယ်။
ကာယံရှင်ဖြစ်တဲ့ Ratchanok ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အမှားအယွင်း လုပ်ခဲ့တာ မရှိခဲ့ကြောင်း၊ အိုလံပစ်ပြိုင်ပွဲ ၀င်ပြိုင်ဖို့ အခွင့်အရေး ရမယ်လို့ မျှော် လင့်ကြောင်း ပြောပါတယ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159865

No comments:
Post a Comment