
အိုလံပစ် ပြိုင်ပွဲ ၀င်ကြမယ့် မက္ကဆီကို အားကစား သမားတွေကို ကျန်းမာရေး ၀န်ကြီး ဌာနက ဇီကာဗိုင်းရပ်စ် ကာကွယ်ရေး ဆေး ပစ္စည်းတွေကို ဝေငှပေး ထားပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက် aဒသမှာ ဒီနှစ်ဆန်းပိုင်းက ကူးစက် ပျံ့နှံ့ခဲ့လို့ တချို့ ဆရာဝန် တွေနဲ့ အိုလံပစ်ပွဲ သွားချင်တဲ့ ပရိသတ်တွေ အတွက် စိုးရိမ်စရာ ဖြစ်နေ ပါတယ်။
ဖေဖော်ဝါရီလမှာ တပတ်အတွင်း ရောဂါကူးစက်သူ တသောင်းခြောက်ထောင်အထိ ရှိခဲ့လို့ ရောဂါအခြေအနေက အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ပါတယ်။
လောလောဆယ် ဘရာဇီးနဲ့ နိုင်ငံပေါင်း ၆၀ မှာ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိရပါတယ်။
အခု မက္ကဆီကို ကျန်းမာရေးဌာနက စီစဉ်ပေးထားတဲ့ ဆေးပစ္စည်းတွေထဲမှာ ခြင်မလာအောင် တားဆီးပေးတဲ့ ဆေးတွေနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရောဂါလက္ခဏာမျိုး ကြုံတဲ့အခါ မှီဝဲရမယ့် ဆေးဝါးတွေလည်း ပါဝင်ပါတယ်။
ဆေးဝါးတွေကို ရီယိုအိုလံပစ်မှာ ၀င်ပြိုင်ဖို့ သွားမယ့် အားကစားသမား ၁၂၀ ကို ပေးလိုက်မယ်လို့ မက္ကဆီကိုစီးတီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီး Jose Narro Robles က ပြောပါတယ်။
ဓာတ်ပုံ - Getty Images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159969





No comments:
Post a Comment