
၂ နှစ် တကြိမ် ကျင်းပတဲ့ AFF ဆူဇူကီး ဖလား ၂၀၁၆ ခုနှစ် ပြိုင်ပွဲကို မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင် အဖြစ် ပူးတွဲ လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။
ဆူဇူကီး ဖလား အုပ်စု ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှ ၂၆ ရက်နေ့ အထိ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ကျင်းပ သွားမှာ ဖြစ်ပြီး ဆီမီး ဖိုင်နယ် ပွဲစဉ်တွေနဲ့ ဖိုင်နယ် ပွဲကို အိမ်ကွင်း၊ အဝေးကွင်း စနစ်နဲ့ ဒီဇင်ဘာ ၃ ရက်မှ ၁၇ ရက်နေ့ အထိ ကျင်းပ သွားမှာပါ။
၂၀၁၆ အာဆီယံ ဆူဇူကီး ဖလား ပြိုင်ပွဲတွင် ပူးတွဲ အိမ်ရှင် မြန်မာနဲ့ ဖိလစ်ပိုင် အသင်း၊ လက်ရှိ ချန်ပီယံ ထိုင်းအသင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် အသင်းတို့ ပါဝင်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပမယ့် အရည်အချင်းစစ် ပတ်လည် ပြိုင်ပွဲကို ကျော်ဖြတ် အောင်မြင် လာမယ့် အသင်း တသင်းလည်း အဆိုပါ အသင်းတွေနဲ့ အတူ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အရည်အချင်းစစ် ပတ်လည်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံမယ့် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနဲ့ တီမောလက်စတီတို့ဟာ ဖနွမ်းပင် အိုလံပစ်အားကစားရုံမှာ ဆူဇူကီး ဖလားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် တနေရာ အတွက် ယှဉ်ပြိုင် ကစားကြမှာပါ။
AFF ဖလားကို ၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ထိုင်းလက်ရွေးစင်အသင်းက ချန်ပီယံအဖြစ် ၄ ကြိမ် ဗိုလ်စွဲထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160022

No comments:
Post a Comment