မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 20, 2017

မစ်ဒယ်ဘရော့ကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး မန်ယူ အဆင့် ၅ နေရာ တက်လှမ်း (ရုပ်သံဟိုက်လိုက်)




မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူ အသင်းဟာ မစ်ဒယ် ဘရော့ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ယူပြီး အမှတ်ပေး ဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်း သွားပါတယ်။

မန်ယူက ဒီပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျ၊ ရွန်နီနဲ့ ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာတို့ မပါဘဲနဲ့ ကစားသွား ရတာ ဖြစ်ပါတယ်။

မန်ယူ အတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၃၀ မှာ အက်ရှ်လေယန်းရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ ဖယ်လိုင်နီက သွင်းယူပါတယ်။

ဒီပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ဘိုရိုအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ မန်ယူက ပိုရခဲ့ပါတယ်။

မန်ယူအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး လင်ဂတ်က အဝေးကနေ ကန်သွင်းပြီ ရယူသွားပါတယ်။

ဘိုရိုအတွက် ချေပဂိုးတဂိုးကိုတော့ ၇၇ မိနစ်မှာ မန်ယူနောက်ခံလူတွေ မရှင်းထုတ်နိုင်တဲ့ အမှားကနေ ဂတ်စ်တီဒီက အနီးကပ်သွင်းယူပါတယ်။

ချေပဂိုးရပြီးနောက်ပိုင်းမှာ ဘိုရိုအသင်း မန်ယူဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

မန်ယူအတွက် တတိယဂိုးကိုတော့ ၉၃ မိနစ်မှာ ဘိုရိုဂိုးသမား ဗယ်ဒက်စ်ရဲ့ အမှားကနေ ဗလန်စီယာက သွင်းယူပါတယ်။

ဒီပွဲနိုင်တဲ့ မန်ယူဟာ ၅၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ ကို တက်နိုင်ခဲ့ပြီး မစ်ဒယ်ဘရော့ကတော့ ၂၂ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196138

No comments:

Post a Comment