မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 19, 2017

အနာဂတ်နှင့် ပတ်သက်ပြီး မကြာခင် ကြေညာမည်ဟု အာစင်ဝင်းဂါးပြော




အာဆင်နယ် နည်းပြ အာစင် ၀င်းဂါးက သူ့ အနာဂတ်နဲ့ ပက်သက်လို့ မကြာခင် အချိန် အတွင်း ကြေညာ သွားမယ်လို့ ပြောဆို လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ၀က်စ်ဘရွန်းကို မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ ပွဲပြီး နောက်ပိုင်းမှာ နည်းပြ ၀င်းဂါးအပေါ်မှာ ဖိအားတွေလည်း ပိုများ လာခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် နည်းပြ ၀င်းဂါးကတော့ သူ ဘာလုပ်ရမလဲ ဆိုတာကို သိကြောင်းနဲ့ မကြာခင်မှာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားပါတယ်။

အာဆင်နယ် ပရိသတ်တွေကလည်း နည်းပြကို အသင်းမှာ ဆက်မနေဖို့ ထွက်ခွာသွားဖို့ ဆန္ဒပြ ဖိအားပေးတွေ ပြုလုပ်နေပါတယ်။

အာဆင်နယ်အသင်းဟာ နှစ်တိုင်း ပရီးမီးယားလိဂ်မှာ အဆင့် ၄ ၀င်လေ့ ရှိပေမယ့် လတ်တလောမှာ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ နည်းပြရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီ ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်းက ၂ နှစ်စာချုပ် သက်တမ်းနဲ့ ကမ်းလှမ်းထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195970

No comments:

Post a Comment