
စတုတ် စီးတီး အသင်းက ချဲလ်ဆီး အသင်းခေါင်းဆောင် နောက်တန်း သမား ဂျွန်တယ်ရီကို ခေါ်ယူဖို့ ချဉ်းကပ် မှုတွေ ပြုလုပ်နေ ပါတယ်။
အသက် ၃၆ နှစ် အရွယ် တယ်ရီဟာ ဒီနှစ် ရာသီ အကုန်မှာ ဘောလုံး ကစားခြင်း ကနေ အနား ယူတော့မယ်လို့ ပြောဆို ထားပါတယ်။
တယ်ရီဟာ ကစားသမား သက်တမ်း ၂၀ အတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားပါတယ်။
စတုတ်စီးတီးနည်းပြ မာ့ဟုခ်ျက တယ်ရီကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟောင်း တယ်ရီဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တော့ မရပါဘူး။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195947





No comments:
Post a Comment