မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 19, 2017

စတုတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ချဲလ်ဆီးက အမှတ်ပေးဇယား ဆက်လက် ဦးဆောင်




စနေနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက စတုတ် စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချဲလ်ဆီးက ဒီပွဲမှာ ဒဏ်ရာ ရနေတဲ့ တိုက်စစ်မှူး ဟာဇက်က လွဲရင် လူစုံထုတ် ယှဉ်ပြိုင် သွားပါတယ်။ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ၀ီလျံစ်က သွင်းယူ ပါတယ်။ ချဲလ်ဆီး ကပဲ ဘောလုံး ပိုင်ဆိုင်မှုရော ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေပါ ပိုရခဲ့ ပါတယ်။

စတုတ်အတွက် ချေပဂိုးကို ၃၈ မိနစ်မှာ ချဲလ်ဆီးေ နာက်တန်းသမား ကာဟေးရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားပါတယ်။ အဲဒီ ပင်နယ်တီကို ဝေါ်တာက သွင်းယူပါတယ်။

ချဲလ်ဆီးအတွက် အနိုင်ဂိုးကိုတော့ ၈၇ မိနစ်မှာ နောက်တန်းသမား ကာဟေးက သွင်းယူပြီး အနိုင်ရသွားပါတယ်။ နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားထိပ်မှာ ၆၉ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက တပွဲလျော့ စပါးစ်ကို ၁၃ မှတ် ဖြတ်ထား နိုင်လိုက်ပါတယ်။ စတုတ်ကတော့ ၃၆ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195947

No comments:

Post a Comment