မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 12, 2016

ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Smack Down ပြိုင်ပွဲ.




မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အနေနှင့် ယနေ့(ဖေဖော်ဝါရီ) ညဦး ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ WWE (Smack Down) နပန်းပြိုင်ပွဲအား လာရောက် ကြည့်ရှုသည့် ပရိသတ်များ အကြိုက်တွေ့ ခဲ့ကြသည်။



အဆိုပါ ပြိုင်ပွဲမှာ ဖျော်ဖြေရေး အဓိက ဦးစားပေး ယှဉ်ပြိုင်သည့် ပွဲဖြစ်သော်လည်း လာရောက် ကြည့်ရှုသည့် ပရိသတ်များ အကြိုက်တွေ့ ခဲ့ကာ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တိုင်းမှာ ရသ အပြည့်ပေးနိုင် ခဲ့သည့် ပွဲများ ဖြစ်ခဲ့ပြီး ပရိတ်သတ်များ အကြားသို့ ဆင်းကာ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် များလည်း ရှိခဲ့သည်။



"မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့ ပွဲလည်း ဖြစ်တယ်။လက်မှတ်ဈေးနှုန်း ကလည်းများတဲ့ အတွက် ပရိသတ် အများကြီးတော့ မဝင်ပေမယ့် အတော် အသင့်တော့ ဝင်ခဲ့ပါတယ်။

ပရိသတ်တွေ ကြားထဲ ဆင်းပြီး ယှဉ်ပြိုင်တဲ့ ပွဲတွေကို အရင်က တီဗွီတွေမှာ သာကြည့်ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံက ပရိသတ်တွေ အတွက် အထူးအဆန်း ဖြစ်နေတယ်။

ဒါပေမယ့် လာကြည့်ခဲ့တဲ့ ပရိသတ်တွေ ကတော့ ကြိုက်နှစ်သက်တာ တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ်။ နောက်နှစ်တွေမှာ လည်း ဒီလိုမျိုး ထပ်ပြီး လုပ်ချင် ပါသေးတယ်"ဟု ဂျပန်နိုင်ငံမှ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။



ယင်းပြိုင်ပွဲကို ဂျပန်၊ အီတလီ၊ ဩစတြေး လျ၊ နယူးဇီလန်၊ အင်္ဂလန်၊ အမေ ရိကန်နိုင်ငံမှ အားကစား သမား များ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။ ဂျပန်နိုင်ငံသား တာနာကာနှင့် နယူးဇီလန်နိုင်ငံသား ဂျိမ်းစ်တို့ ယှဉ်ပြိုင် ခဲ့သည့် ပွဲမှာ ပွဲစဉ်များ အနက် အကြမ်းဆုံး ပွဲဖြစ်ခဲ့ကာ ထိုင်ခုံများ ၊အမှိုက်ပုံး များနှင့် ရိုက်ကာ ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံးပွဲ ဖြစ်ကြောင်း ပရိသတ် တစ်ဦးက ဆိုသည်။



"ခုံတွေနဲ့ ရိုက်တယ်။ ပရိသတ်ကြားထဲ ဝင်ပြီး တိုက်ခိုက် တာတွေကို အရင်က မမြင်ဖူးဘူး။ သူတို့ ဝင်လာတော့ ပရိသတ်တွေ ထွက်ပြေး ကြရတယ်။ တကယ် စိတ်လှုပ်ရှား ဖို့ ကောင်းတယ်။ ဖျော်ဖြေရေုးဆို ပေမယ့် သူတို့ အကောင်းဆုံး လုပ်ပြနိုင် ခဲ့ပါတယ်"ဟု ပွဲကြည့်ရှု ခဲ့သူ တစ်ဦးက ပြောသည်။



အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား ပွဲစဉ်ငါးပွဲနှင့် အမျိုးသမီးပွဲစဉ် တစ်ပွဲ ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် စကိုင်းနက် ရုပ်သံလိုင်းမှ ပြန်လည် ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ လေးချီပွဲ တစ်ပွဲ ပါဝင်ခဲ့ပြီး ကျားဗဟိန်းနှင့် ဆင်ရိုင်းလေးတို့ ယှဉ်ပြိုင်ခဲ့ကာ ပူးတွဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသည့် နိုင်ငံတကာ WWE (Smack Down) နပန်းပြိုင်ပွဲတွင် ပရိသတ် ၁၅၀၀ ၀န်းကျင် လာရောက် အားပေး ခဲ့ကြသည်။

ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)

7Day News Journal

Originally published at - https://www.facebook.com/7daynews


No comments:

Post a Comment