ဖေဖော်ဝါရီ ၁၃ ရက်နေ့ အစောဆုံး ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းက နာမည်ကြီး မန်ယူကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဆန်းဒါးလန်း အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာ အမှတ် မထင် ဖရီးကစ် ကနေ ကန်သွင်း ယူပါတယ်။
ဆန်းဒါးလန်းဟာ တန်းဆင်း ဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအတွက် ချေပဂိုးကို တိုက်စစ်မှူး မာရှယ်က ၃၉ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲမှာ မန်ယူနောက်တန်းသမား ဒါမီရန် ပခုံးဒဏ်ရာရပြီး ပြိုင်ပွဲကနေ ထွက်သွား ရပါတယ်။
မန်ယူ နောက်တန်းမှာ ဒဏ်ရာရတဲ့သူ ၇ ယောက် အထိ ရှိသွားပြီး ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဆန်းဒါးလန်း အသင်း မန်ယူဘက်ကို ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။
မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တဖက်နောက်တန်းကို ထိထိရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။
ဆန်းဒါးလန်းအတွက် ဒုတိယဂိုးကို မိနစ် ၈၂ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဆန်းဒါးလန်းက ၂၃ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရှိနေပြီး မန်ယူက ၄၁ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135239
No comments:
Post a Comment