မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 13, 2016

စပိန်လာလီဂါ ရီးရဲလ် မက်ဒရစ် ၄ – ၂ ဘီဘာအို




ဖေဖော်ဝါရီ ၁၃ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က ဘီဘာအိုကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ ရော်နယ်ဒို သွင်းတဲ့ ဂိုးနဲ့ ရီးရဲလ်က ဦးဆောင်နိုင် ခဲ့ပါတယ်။ ဘီဘာအို အတွက် ချေပဂိုးကို ၁၀ မိနစ်မှာ ဂိုနီက ပြန်လည် သွင်းယူပါတယ်။

ရီးရဲလ်ဟာ နည်းပြ ဇီဒန်းရဲ့ လက်ထက်မှာ ရှုံးပွဲ မရှိသေးဘဲ အိမ်ကွင်းမှာ ၇ ပွဲဆက်တိုက် အနိုင်ရ ထားပါတယ်။

ဒုတိယ ဂိုးကို ၃၇ မိနစ်မှာ ရော်ဒီဂွတ်က သွင်းယူ ပါတယ်။ အဲဒီနောက် ၄၅ မိနစ်မှာ တတိယဂိုးကို ကာရူးက သွင်းယူပါတယ်။

ရီးရဲလ်က အိမ်ကွင်းမှာ ဘောလုံး အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။

အပိတ်ဂိုးကိုတော့ ၈၃ မိနစ်မှာ ဗာရာနီက သွင်းယူပါတယ်။ အဲဒီနောက်မှာ ဗာရာနီ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ပွဲသိမ်းမိနစ်မှာ ဘီဘာအိုအတွက် ဒုတိယချေပဂိုးကို သွင်းယူပါတယ်။

နိုင်ပွဲဆက်တဲ့ ရီးရဲလ်က ၅၃ မှတ်နဲ့ ဇယားထိပ်က ဘာကာရဲ့နောက် ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135242


No comments:

Post a Comment