Saturday, March 18, 2017
မြန်မာယူ ၂၃ အသင်း အင်အားကြီး သြစတြေးလျနှင့် အတူ အုပ်စု(စ)တွင် ကျရောက်
၂၀၁၈ အာရှ ယူ ၂၃ ချန်ပီယံရှစ် အုပ်စု မဲခွဲမှုကို မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် မတ် ၁၇ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။
အဆိုပါ မဲခွဲပွဲမှာ မြန်မာ အသင်းဟာ အုပ်စု (စ) မှာ အင်အားကြီး သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နဲ့ ကျရောက်ပြီး ယှဉ်ပြိုင် ကစားရမှာပါ။
ခြေစစ် ပွဲတွေကို လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်း ပါဝင်တဲ့ အုပ်စု ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ ဇူလိုင် ၁၉ ရက်မှာ စင်ကာပူ၊ ၂၁ ရက်နေ့မှာ ဘရူနိုင်းအသင်း၊ ၂၃ ရက်နေ့မှာ သြစတြေးလျ အသင်းနဲ့ အသီးသီး ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။
အာရှ ယူ ၂၃ ခြေစစ်ပွဲမှာ အုပ်စု ၁၀ စု ရှိပြီး အုပ်စု ပထမနေရာရ အသင်း ၁၀ သင်း၊ အကောင်းဆုံး ဒုတိယ ၅ သင်းအပါအ၀င် စုစုပေါင်း ၁၅ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
အိမ်ရှင်တရုတ်အသင်းအပါအ၀င် စုစုပေါင်း အသင်း ၁၆ သင်းဟာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရမှာပါ။
ပြီးခဲ့တဲ့အပတ် နည်းစနစ်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ ယူ ၂၂ အသင်းရဲ့ အာရှ ယူ၂၃ ခြေစစ်ပွဲနဲ့ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲများအတွက် ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဆီဇီကို နည်းပြချုပ် တာဝန်ပေးအပ် သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195829
Subscribe to:
Post Comments (Atom)
No comments:
Post a Comment