
မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ တော့တင်ဟမ် ဟော့စပါးစ်က ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ စပါးစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိပါဘူး။
အိမ်ရှင် စပါးစ် အတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ အာရစ်ဆန်က သွင်းယူပါတယ်။
စပါးစ် အသင်းဟာ ဒီနှစ်ရာသီ အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ခြေစွမ်းပိုင်း သိပ်မကွာပေမယ့် ထိုးဖောက် တိုက်စစ်ဆင်မှုမှာတော့ စပါးစ်က ပိုရခဲ့ပါတယ်။
ဆောက်သမ်တန်ကလည်း အပိုင်နီးပါး ကန်သွင်းခွင့်တွေရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
စပါးစ်အတွက် ဒုတိယဂိုးကို ၃၃ မိနစ်မှာ ပင်နယ်တီကနေ တဆင့် အလီက သွင်းယူပါတယ်။
စပါးစ်ဟာ တိုက်စစ်မှူး ကိန်း မပါရင် ဂိုးရဖို့ ရုန်းကန်ရတတ်ပေမယ့်လည်း ဒီပွဲမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်အတွက် ချေပဂိုးကို ဒုတိယပိုင်း အစမှာပဲ သွင်းယူခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးဆက်မသွင်းနိုင်လို့ စပါးစ်ကပဲ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ စပါးစ်က ၅၉ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၀ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/196158

No comments:
Post a Comment