
အဆင့် ၄ အတွင်း ဝင်ဖို့ထက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပိုပြီး စိတ်အားထက်သန်နေတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။
ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့်အပြင် ဆုဖလားတလုံး ရရှိမှာဖြစ်ပြီး ဥရောပစူပါဖလား ဗိုလ်လုပွဲတွေကိုလည်း ယှဉ်ပြိုင်ကစားခွင့် ရရှိမှာဖြစ်လို့ ယူရိုပါလိဂ်ဖလား ရယူချင်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
ယူရိုပါလိဂ်ဖလား မရခဲ့ဘူးဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားရမယ်လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။
မစ်ဒယ်ဘရော့နဲ့ပွဲမှာ လူစုံပါဝင်နိုင်ခြင်း မရှိပေမယ့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းကိုလည်း မော်ရင်ဟိုက ကျေနပ်နေပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အပြီးမှာ ရမှတ် ၅၂ မှတ် ရရှိထားပြီး အဆင့် ၄ နေရာက လီဗာပူးအသင်းနဲ့ ၄ မှတ်ကွာဟနေပေမယ့် ၂ ပွဲကစားဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/196401

No comments:
Post a Comment