
ဂျာမန် ကလပ် ဒေါ့မွန်က လက်ရှိ နည်းပြ တော်မတ်ထရှယ်ရဲ့ နေရာမှာ အာစင်ဝင်းဂါးနဲ့ အစားထိုးဖို့ လုပ်ဆောင်နေ တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာဆင်နယ်က ငြင်းဆို လိုက်ပါတယ်။
အသက် ၆၇ နှစ် အရွယ် အာစင်ဝင်းဂါးရဲ့ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်းဟာ ဒီနှစ်ရာသီ အဆုံးမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်က ၂ နှစ် စာချုပ်သက်တမ်းနဲ့ ကမ်းလှမ်း ထားပါတယ်။
ကာယကံရှင် နည်းပြကိုယ်တိုင်ကတော့ အနာဂတ်နဲ့ပတ်သက်လို့ မကြာခင်မှာ ကြေညာပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
နည်းပြ ဝင်းဂါးဟာ လောလောဆယ်မှာ အာဆင်နယ်ပရိသတ်တွေက အသင်းကနေ ထွက်သွားဖို့ တောင်းဆိုတာ ခံနေရပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/196416





No comments:
Post a Comment