
ချန်ပီယံလိဂ် ပွဲစဉ် အုပ်စု (ဘီ) မှာ ပါဝင်တဲ့ မန်ယူ အသင်းနဲ့ ၀ုဖ်ဘတ် အသင်းတို့ ဒီနေ့မနက် အစောပိုင်း အချိန်က ယှဉ်ပြိုင် ကစားရမှာ မန်ယူ အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဝုဖ်ဘတ် အသင်း အတွက် ပွဲစ စချင်း ၄ မိနစ်မှာပဲ ကယ်လီ ဂီယူရီက ၁ ဂိုးသွင်းယူ ခဲ့ပါတယ်။ မန်ယူ အသင်း အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ ကွင်းလယ်လူ မာတာ ပင်နယ်တီက ၁ ဂိုးနဲ့ နောက်ခံလူ စမောလင်းက ၅၃ မိနစ်မှာ ၁ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုဘီမှာ မန်ယူ၊ ၀ုဖ်ဘတ်၊ စီအက်စ်ကေအေ မော်စကိုနဲ့ ပီအက်စ်ဗွီအသင်းတို့ပါဝင်ပါတယ်။
လက်ရှိမှာတော့ ၄ သင်းလုံး ၁ ပွဲရှုံး ၁ ပွဲစီနိုင်နဲ့ ၃ မှတ်စီ ရရှိထားကြပြီး ဂိုး ကွားခြား ချက်တွေ အရ ပီအက်စ်ဗွီက ပထမ၊ မန်ယူက ဒုတိယ၊ စီအက်စ်ကေအေက တတိယနဲ့ ၀ုဖ်ဘတ်က အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114219

No comments:
Post a Comment