
ချန်ပီယံလိဂ် ပွဲစဉ် အုပ်စု (အေ) မှာ ပါဝင်တဲ့ မယ်လ်မို အသင်းနဲ့ ရီးရဲလ် မက်ဒရစ် အသင်းတို့ ဒီနေ့မနက် အစောပိုင်း ယှဉ်ပြိုင် ကစားရာ ရီးရဲလ် အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ရီးရဲလ်အသင်း အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၉ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ စီရော်နယ်လ်ဒို တဦးတည်းက သွင်းယူ ခဲ့တာပါ။
ပွဲချိန် ၇၈ မိနစ်မှာ မယ်လ်မို အသင်းက ဗစ်တာ ယိုတွန်း ၂ ၀ါ ၁ နီနဲ့ အထုတ် ခံခဲ့ရလို့ ကျန်ပွဲ ကစားချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရ ပါတယ်။
ချန်ပီယံလိဂ် အုပ်စု အေမှာ ရီးရဲလ်၊ ပီအက်စ်ဂျီ၊ မယ်လ်မိုနဲ့ ရှက်တာဒိုးနက်တို့ ပါဝင်ပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ၂ ပွဲကစား၊ ၂ ပွဲနိုင် ၆ မှတ်စီတူပေမယ့် ဂိုးကွာခြားချက် အရ ရီးရဲလ် အသင်းက အုပ်စု ပထမနေရာက ဦးဆောင်နေပြီး ပီအက်စ်ဂျီက ဒုတိယ၊ မယ်လ်မိုနဲ့ ရှက်တာဒိုးနက်တို့ ကတော့ ၂ ပွဲစလုံး ရှုံးနိမ့် ထားလို့ အမှတ် မရသေးဘဲ တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114247

No comments:
Post a Comment