
အီတလီ စီးရီးအေ ပါးမား ဥက္ကဋ္ဌဟောင်း ဂျီအန် ပီအက်ထရိုမန်နက်တီကို ဘောလုံး လောက ကနေ ၅ နှစ် တားမြစ် လိုက်ပါတယ်။
ကလပ် အသင်းက ဒေ၀ါလီ ခံတာကို ရှောင်ရှားဖို့ ကြိုးစား တာကို မကူညီတဲ့ အတွက် အခုလို ပိတ်ပင် လိုက်တာ ဖြစ်ပါတယ်။
အကြွေးဝယ် ကတ်ပြား အတုနဲ့ တခြား တရားမ၀င် နည်းလမ်းတွေကို အသုံးပြုတဲ့ အတွက် အီတလီ ဘောလုံး အဖွဲ့ချုပ်က သူ့ကို တားမြစ် ခဲ့ပါတယ်။
ပါးမား အသင်းက ပေါင် ၁၄၇ သန်းကျော် အကြွေး အတွက် ဒေ၀ါလီ ခံကြောင်း ကြေညာခဲ့ အပြီးမှာ မန်နက်တီကို ငွေကြေး ခ၀ါချမှုနဲ့ ဒီနှစ် အစောပိုင်းမှာ ဖမ်းဆီး ခဲ့ပါတယ်။
ပါးမား အသင်းဟာ မတ်လမှာ ဒေ၀ါလီ ခံခဲ့တာဖြစ်ပြီး အီတလီ စီးရီးအေမှာ အောက်ဆုံးက ရပ်တည် ခဲ့ပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ ယူအီးအက်အေ ဖလားနဲ့ ၀င်းနားဖလား တွေကိုလည်း ပါးမား အသင်းက ရရှိခဲ့ ဖူးပါတယ်။
ဒါ့အပြင် အီတလီ ဖလားနဲ့ ၁၉၉၆-၉၇ ဘောလုံး ရာသီမှာလည်း ဒုတိယနေရာ ကနေ ရပ်တည် ခဲ့ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114272





No comments:
Post a Comment