မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

မြန်မာ ယူ ၁၉ ဘရူနိုင်းကို ၄ ဂိုးပြတ် အနိုင်ရ




အာရှ ယူ ၁၉ ခြေစစ်ပွဲမှာ မြန်မာ အသင်းက ဘရူနိုင်းကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင် ရရှိ သွားပါတယ်။

မြန်မာ အသင်းဟာ ပွဲအစ အဆုံး တဖက်သတ် ဖိကစားပြီး ဇင်ဖြိုးအောင် ၇ မိနစ်၊ ရဲရင့်အောင် ၂၆ မိနစ်၊ ထူးခန့်လွင် ၂၈ မိနစ်နဲ့ အောင်ဇင်ဖြိုးက ၄၇ မိနစ်တို့မှာ အသီးသီး သွင်းယူ ပေးခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ကစား ခဲ့ပြီး ပရိသတ် မပါဘဲ ကွင်းပိတ် ကစား ခဲ့ရတာပါ။

မြန်မာက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၁၄ အာရှ ယူ၁၉ နောက်ဆုံး အဆင့် ပွဲစဉ် မြန်မာနဲ့ ယူအေအီးပွဲမှာ ပရိသတ်တွေ ကစားကွင်း မြက်ခင်းပြင်ကို ဝင်ရောက် လာခဲ့တာ ကြောင့် အိမ်ရှင် မြန်မာနိုင်ငံကို ပြစ်ဒဏ် အဖြစ် အိမ်ကွင်း ပွဲစဉ်တပွဲ ပရိသတ် မပါဘဲ ကစားဖို့ ပြစ်ဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

နောက်ပွဲ တွေမှာ ပရိသတ်တွေ ၀င်ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ ၂ ရက်နေ့မှာ တီမော အသင်း၊ ၄ ရက်နေ့မှာ ဟောင်ကောင်၊ ၆ ရက်နေ့မှာ ဗီယက်နမ် အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114216

No comments:

Post a Comment