
ဘာစီလိုနာနဲ့ လေဗာကူဆင် ပွဲမှာတော့ နျူးကမ့် ကွင်းမှာ ဘာစီလိုနာက နောက်က လိုက်ကစား ခဲ့ရပြီး နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ယူ ခဲ့ပါတယ်။
မက်ဆီ မပါဝင်နိုင် ခဲ့တဲ့ ဘာစီလိုနာက ပွဲချိန် ၂၂ မိနစ်မှာ ဧည့်သည် အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး Papadopoulos က သွင်းယူပေး ခဲ့တာပါ။ ဒါပေမယ့် Sergi Roberto က ချေပဂိုး ပြန်လည် သွင်းယူပေး ခဲ့ပြီး အနိုင်သေချာ စေမယ့် ဂိုးကို ဆွာရက်ဇ်က သွင်းယူပေး ခဲ့တာကြောင့် ဇယားထိပ်မှာ ဦးဆောင်နေ ခဲ့ပါတယ်။
နောက်တစ်ပွဲမှာတော့ ရိုးမားအသင်းကို ဘိုရီဆော့ဗ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဘီလာရုစ်ချန်ပီယံတွေဟာ ရိုးမားအသင်းကို မိနစ်သုံးဆယ်မှာတင် သုံးဂိုးသွင်းခဲ့တာပါ။ ပွဲချိန်ကြာမှ ကစားကွက်ပြန်ငြိမ်လာတဲ့ ရိုးမားက Gervinho နဲ့ Torosidis တို့က ချေပဂိုးကိုပြန်လည် သွင်းယူပေးခဲ့လို့သာ ဂိုးပြတ်မရှုံးခဲ့တာပါ။
ဘိုင်ယန်မြူးနစ်နဲ့ ဒိုင်နမိုဇာဂရက်ဘ်တို့ပွဲမှာတော့ ဘိုင်ယန်က Lewandowski ရဲ့ ဟက်ထရစ်ဂိုးနဲ့ အလွယ်တကူပဲ အနိုင်ယူခဲ့တာပါ။ အဲ့ဒီပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ဘိုင်ယန်က ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြန်ပါတယ်။
အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ အိုလံပီယာကော့စ်အသင်းကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အရှုံးပေးခဲ့ရတာပါ။ Felipe Pardo က အိုလံပီယာကော့စ်အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး နှစ်မိနစ်အကြာမှာတော့ Walcott က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ဂိုးသမား Ospina ရဲ့ အမှားကနေ ဒုတိယဂိုးကို ပေးလိုက်ရပြီး ဆန်းချက်က ခေါင်းတိုက်ဂိုးနဲ့ ချေပပေးခဲ့ပေမယ့် လူစားဝင်ကစားသမား Finnbogason က အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ပေါ်တိုအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးဟာ ပုံစံကောင်းကို မပြနိုင်ခဲ့ပဲ ပေါ်တူဂီမြေမှာ ခြင်္သေ့ပြာတို့ မဟိန်းဟောက်နိုင်ခဲ့ပါဘူး။ André André က ဦးဆောင်ဂိုးသွင်းခဲ့ပြီး Willian က ပြစ်ဒဏ်ဘောကနေ ချေပခဲ့ပေမယ့် ပေါ်တိုနောက်ခံလူ Maicon က အနိုင်ဖြစ်စေမယ့် ဂိုးကို ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
အခြားပွဲစဉ်တွေမှာတော့ စပိန်ထိပ်သီး ဗလင်စီယာက လိုင်ယွန်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီင်္း ဇင်းနစ်အသင်းက ဂျန့်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
(Paing A K)
သစ်ထူးလွင်(အားကစား)
Ref : UEFA.com
Original link - http://sports.thithtoolwin.com/2015/09/lewandowski_30.html

No comments:
Post a Comment