မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 26, 2017

နေမာကိုခေါ်ယူရန် ချယ်လ်ဆီး အသင်းပိုင်ရှင်နှင့် နည်းပြ ကွန်တီ ပြဿနာ တက်နေ




ချယ်လ်ဆီး အသင်း ပိုင်ရှင်က စံချိန်တင် ငွေသုံးစွဲပြီး ခေါ်ချင် နေတာပါ။

ဘာစီလိုနာ ကစား သမား နေမာကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာ မိုဗစ်ခ်ျနဲ့ နည်းပြ ကွန်တီ အကြား ပြဿနာ တက်နေ တယ်လို့ သိရ ပါတယ်။

ဘာစီလိုနာ ကစားသမား နေမာကို ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာ မိုဗစ်ခ်ျက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီးခေါ်ယူချင် နေပေမယ့် အသင်း မန်နေဂျာ ကွန်တီက ဒီအပြောင်း အရွှေ့ကို အလို မရှိ ဖြစ်နေ ခဲ့တာပါ။

Tuttosport သတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာကစားသမားနေမာအတွက် စံချိန်တင်ပြာင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း ၁၈၀ အထိပေးဖို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက သဘောတူခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့်နေမာကိုမခေါ်ခင်မှာ ချယ်လ်ဆီးအသင်းရဲ့ အနေအထားကို ကွန်တီက သူ့ရဲ့စိတ်တိုင်းကျ ပြန်လည်ထိန်းညှိချင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ကာလကြာရှည်စာချုပ်ချုပ်ဆိုထားတဲ့ နေမာကို ခေါ်ယူချင်တဲ့အသင်းဟာ ၂၀၁၆ မှာကမ်းလှမ်းမယ်ဆိုရင် ယူရိုသန်း ၂၀၀ ပေးရမှာဖြစ်ပြီး ၂၀၁၇ မှာဆိုရင်တော့ ၂၂၂ သန်းပေးရမှာဖြစ်ပါတယ်။

ကစားသမားဘက်ကလည်း သဘောတူရင်တော့ ဒီပြောင်းရွှေ့ကြေးကို ပေးနိုင်တဲ့ဘယ်အသင်းမဆို နေမာကိုခေါ်ခွင့်ရမှာပါ။ နောက်နှစ်တွေမှာ နေမာကိုခေါ်ရင် ယူရိုသန်း ၂၅၀ ပေးမှရမယ်လို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။

တရားဝင်ခေါ်ယူနိုင်တဲ့ပြောင်းရွှေ့ကြေးထက် သက်သာတဲ့ဈေးဖြစ်တဲ့ ယူရိုသန်း ၁၈၀ နဲ့ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက တစ်ဖက်က တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗြိတိန်သတင်းစာ Daily Express ရဲ့ ယနေ့ဖော်ပြချက်အရ နေမာအပြောင်းအရွှေ့မှာ သဘောထားမတိုင်ဆိုင်တဲ့နည်းပြကွန်တီနဲ့ အေဘရာမိုဗစ်ခ်ျတို့ ဆက်ဆံရေး မကောင်းတော့ဘူးလို့သိရပါတယ်။

ဒီရာသီမှာ ချယ်လ်ဆီးကို အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ပေမယ့် နှစ်ဦးသဘောထားဆက်ပြီးကွဲလွဲနေမယ်ဆိုရင် နည်းပြကွန်တီနဲ့ လမ်းခွဲဖွယ် ရှိတယ်လို့ သိရပါတယ်။

Source : Daily Mail

From : Duwun by kk

Originally published at - http://www.duwun.com.mm/sports/international/-id6429905.html

No comments:

Post a Comment