မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 25, 2016

ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လီဗာပူးနှင့် မန်စီးတီးတို့ အနိုင်ရ




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် aတွမှာ လီဗာပူးနဲ့ မန်စီးတီးတို့ အသီးသီး အနိုင်ရ သွားပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ဟားစီးတီးကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင် ရတာပါ။

လီဗာပူး အတွက် အနိုင် ဂိုးတွေကို လာလာနာ၊ မာနီ၊ ကော်တင်ဟိုနဲ့ မေနာက ၂ ဂိုး သွင်းယူ ပါတယ်။

ဟားစီးတီးက ၂၉ မိနစ်မှာတင် တယောက်အထုတ်ခံရပြီး လီဗာပူးကို မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ လီဗာပူးအတွက်တော့ ၃ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

မန်စီးတီးကလည်း အဝေးကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို အက်ဂူရိုက ၂ ဂိုးနဲ့ စတာလင်းက ၁ ဂိုး သွင်းယူပါတယ်။ မန်စီးတီးဟာ ပရီးမီယားလိဂ်မှာ ၆ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။

နိုင်ပွဲဆက်တဲ့ မန်စီးတီးဟာ ၁၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169770

No comments:

Post a Comment