
ဆောက်သမ်တန် အသင်းကို အိမ်ကွင်းတွင် သုံးဂိုး တစ်ဂိုးနှင့် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီး အသင်းခေါင်းဆောင် Terry က အရှုံးမှ ပြန်လည် ရုန်းထရန် အချိန်ရောက် နေပြီဟု ပြောကြား ခဲ့ပါတယ်။
Morinho ဟာ အကောင်းဆုံး နည်းပြထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ထိန်းကွပ်မှုတွေနဲ့ အသင်းကို အကောင်းဆုံး ပြန်လည် ဦးမော့ လာစေမယ်လို့ Terry က ယုံကြည် နေပါတယ်။
" ဆောက်သမ်တန် အသင်းနဲ့ပွဲမှာ ကျွန်တော်ဟာ ပုံမှန် စွမ်းဆောင်ရည် အောက်ကို ရောက်နေ ခဲ့ပြီး ကျွန်တော် လုပ်ခဲ့တဲ့ အမှားတွေက ဂိုးတွေပေး လိုက်ရတာပါ။ အသင်းနောက်တန်းဟာ ဖရိုဖရဲဖြစ် နေခဲ့ပြီး မှတ်တမ်း ဗီဒီယိုကို ကြည့်ပြီး ကိုယ့်ဟာကိုယ် တောင် အရှက်ရ မိတယ် " လို့ ဝန်ခံ သွားခဲ့ပါတယ်။
" ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပြီးတဲ့ နောက်မှာ အခြေအနေ တွေက အတော်လေး ခက်ခဲ ခဲ့ပါတယ်။
အသင်းကြီး တစ်သင်းမှာ ရှိရမယ့်ဟန်က အဝတ်လဲခန်းထဲ အထိပဲ ရှိခဲ့ပြီး ကွင်းထဲရောက်ရင် မရှိတော့ဘူး။ ဒီလိုအခြေအနေ တွေကို နည်းပြ တစ်ယောက်ထဲနဲ့ ပြင်ဆင်လို့ မရဘူး။ ကစားသမား တွေရော တစ်သင်းလုံး တက်တက်ကြွကြွ ပါဝင် လှုပ်ရှားမှ ရမယ်လို့ ထင်ပါတယ်။ "
" အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ၊ ကြီးမားတဲ့ သမိုင်းကြောင်းတွေနဲ့ များပြားတဲ့ ပရိတ်သတ်တွေ အတွက် အားလုံး ကြိုးစား သင့်နေပါပြီ။ လာမယ့် ဗီလာနဲ့ ပွဲမှာ အကောင်းဆုံး ပုံစံကို ပြနိုင်မယ်လို့ ယုံကြည်ပါတယ် "လို့ပြောသွား ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး အကောင်းဆုံးပုံစံကို ပြန်လည်ပြသနိုင်မလား ဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/terry.html

No comments:
Post a Comment