မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

ဒဏ်ရာကြောင့် နောက်ခံလူ စတုန်း အင်္ဂလန် အသင်း ခြေစစ်ပွဲ မပါဝင်နိုင်




အင်္ဂလန် အသင်းနဲ့ အဲဗာတန် အသင်း ကစားသမား ဂျွန်စတုံးက ဒူးဒဏ်ရာကြောင့် ၂၀၁၆ ယူရို ခြေစစ်ပွဲ aတွကို လွဲချော်မှာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ၁ ဂိုးစီ သရေ ကျတဲ့ ပွဲစဉ်မှာ ဒဏ်ရာရ သွားတဲ့အတွက် အသက် ၂၁ နှစ် နောက်ခံ အလယ်လူ ဂျွန်စတုံးက အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်ထားတဲ့ အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၉ ရက်မှာ အက်စ်တိုးနီးယား၊ အောက်တိုဘာ ၁၁ ရက်မှာ လစ်သူယေးနီးယားနဲ့ကစားရမျာ ဖြစ်ပါတယ်။

ဒီပွဲစဉ်အတွက် ရွန်နီ၊ လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်နဲ့ ဆွမ်ဆီးအလယ်တန်းလူ ရှယ်ဗီတို့ရဲ့ ကြံ့ခိုင်မှုကတော့ သံသယဖြစ်စရာကောင်းနေပါတယ်။

အုပ်စု င က အင်္ဂလန် အသင်းဟာ ၈ ပွဲကစား ၈ ပွဲနိုင်ထားပြီး အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115197

No comments:

Post a Comment