Friday, August 19, 2016
ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၄၀၀၀ ကူညီမည်
ယူ ၁၉ ဖိတ်ခေါ် ပြိုင်ပွဲနဲ့ ယူ ၂၂ ဖိတ်ခေါ် ပြိုင်ပွဲတွေမှာ ကမ္ဘောဇ ဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုး ကူညီ သွားမယ်လို့ ကမ္ဘောဇ ဘဏ်က ပြောပါတယ်။
လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက် အထိ မန္တလေးမြို့မှာ ကျင်းပမယ့် ယူ ၁၉ ဖိတ်ခေါ် ပြိုင်ပွဲနဲ့ မလေးရှား ဆီးဂိမ်း အကြို ပြင်ဆင်မှု အဖြစ် လက်ခံ ကျင်းပမယ့် ယူ ၂၂ ဖိတ်ခေါ် ပြိုင်ပွဲတွေမှာ ကမ္ဘာဇ ဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုး ကူညီမှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် မန်နေးဂျင်း ဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောပါတယ်။
“ယူ ၁၉ ပွဲအတွက် ကျပ်သိန်း ၁၀၀၀၊ ယူ ၂၂ အတွက် ကျပ်သိန်း ၃၀၀၀ စုစုပေါင်း သိန်း ၄၀၀၀ ကူညီ ပံ့ပိုးသွားမှာပါ။ ဘောလုံးလောက တိုးတက်စေချင် သလို ကျနော်တို့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း ဘောလုံး အဖွဲ့ချုပ် နာယကဖြစ်တဲ့ အတွက် တာဝန်တခု အနေနဲ့ ကူညီ ပံ့ပိုးတာလည်း ပါပါတယ်။”
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ စပွန်ဆာကုမ္ပဏီတွေကနေ အမေရိကန်ဒေါ်လာ ၄ သန်းလောက် ရရှိထားပေမယ့် ပြိုင်ပွဲလေ့ကျင့်စရိတ်တွေရှိလို့ အမေရိကန်ဒေါ်လာ ၃ သန်းလောက် စိုက်ထုတ်သုံးစွဲရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဖုန်းနိုင်ဇော်က ပြောပါတယ်။
“မြန်မာဘီယာ၊ အူရီဒူး၊ မက်စ်အင်နာဂျီတို့ကနေ စပွန်ဆာ ၄ သန်းလောက် ရထားတယ်။ ဘတ်ဂျက်က ၆ သန်းလောက် လျာထားတဲ့ အတွက် ငွေကြေး မလောက်ပါဘူး။ ဥက္ကဋ္ဌ ဦးဇော်ဇော် အိတ်ထဲက ကန်ဒေါ်လာ ၂ သန်း၊ ၃ သန်းလောက် စိုက်ထုတ်ရဖို့ ရှိတယ်။”
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေအဖြစ် အာဆီယံ ဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ၊ အာဆီယံ အမျိုးသမီးဘောလုံး ပြိုင်ပွဲနဲ့ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲတွေ ကျင်းပ ခဲ့ပြီး လာမယ့် နိုဝင်ဘာလမှာလည်း အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ရန်ကုန်မြို့မှာ လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/164536
Subscribe to:
Post Comments (Atom)
No comments:
Post a Comment