
အာဆင်နယ် အသင်းဟာ ဒဏ်ရာ ပြဿနာရှိတဲ့ နောက်တန်း အတွက် အက်သလက် တီကို အသင်း နောက်ခံလူ ဂျီမီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေ တယ်လို့ ဆိုပါတယ်။
အာဆင်နယ် အသင်းဟာ ဗလင်စီယာ အသင်းက ဂျာမနီ နောက်ခံလူ မူစတာဖီကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘော တူညီမှု ရခဲ့ပေမယ့် ဗလင်စီယာက တောင်းဆိုတဲ့
ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ကို အာဆင်နယ်က ပေးဖို့ ဆန္ဒ မရှိတာကြောင့် အက်သလက်တီကိုအသင်းက ဂျီမီနက်ဇ်ကို ချိတ်ဆက် နေတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ ဥရုဂွေးလက်ရွေးစင်ကြယ်ပွင့် ဂျီမီနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာလည်း ပေါင်သန်း ၄၀ ခန့်ရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ ငွေကြေးအတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။
ဂျီမီနက်ဇ်ဟာ အလားအလာရှိတဲ့ နောက်တန်းကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ကစားသမား တဦး ဖြစ်ပါတယ်။
ဓာတ်ပုံ - Getty
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164512

No comments:
Post a Comment