
လက်စတာ အသင်းဟာ အသင်းကြီး တွေက ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ တောင်ပံ တိုက်စစ်မှူး မာရက်ဇ်ကို လေးနှစ် သက်တမ်း စာချုပ် ချုပ်ဆို လိုက်ပါတယ်။
အသက် ၂၅ နှစ်ရှိ အယ်လ်ဂျီးရီးယား လက်ရွေးစင် မာရက်ဇ်ဟာ တပတ် လုပ်ခ ပေါင် ၁ သိန်းရရှိမှာ ဖြစ်ပါတယ်။
မာရက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်မှုနဲ့ ပတ်သတ်ပြီး လက်စတာ နည်းပြ ယာနီရေးရီက ကျေနပ်နေပြီး မာရက်ဇ် အပေါ် အများကြီးမျှော်လင့် ထားတယ်လို့ ဆိုပါတယ်။
မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက လက်စတာ အတွက် ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင် ခဲ့ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရယူနိုင် ခဲ့ပါတယ်။
လက်စတာ အသင်းဟာ နည်းပြ ယာနီရေးရီ ကိုလည်း ပြီးခဲ့တဲ့ လပိုင်းက စာချုပ် သက်တမ်း တိုးခဲ့သလို အဓိက ကစားသမားတွေ ဖြစ်တဲ့ မော်ဂန်၊ ဗာဒီ၊ အန်ဒရီကင်း၊ ရှမိုက်ကယ်တို့ ကိုလည်း စာချုပ် သက်တမ်း တိုးခဲ့ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164729

No comments:
Post a Comment