
ဂျမေကာ နိုင်ငံက အပြေး သမား အူစိန်ဘော့ဟာ အိုလံပစ် ပြိုင်ပွဲ ၃ ခုမှာ ရွှေတံဆိပ် ၉ ခု အထိ ဆွတ်ခူး ရရှိ သွားပြီ ဖြစ်ပါတယ်။
ဘရာဇီးလ် နိုင်ငံမှာ အခု ကျင်းပနေတဲ့ အပြေး သမား ၄ ဦး ၀င်ပြိုင် ရပြီး တဦးကို မီတာ ၁၀၀ စီပြေးရတဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲ ကနေ အူစိန်ဘော့က ရွှေတံဆိပ် ထပ်မံ ဆွတ်ခူး ရရှိသွား တာလည်း ဖြစ်ပါတယ်။
ဒီနှ်စ် အိုလံပစ် ပြိုင်ပွဲမှာ မီတာ ၁၀၀၊ ၂၀၀ ကနေလည်း ရွှေတံဆိပ် ရရှိ ထားသလို လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ကနေ ရွှေတံဆိပ် ထပ်မံ ရရှိခဲ့လို ပြိုင်ပွဲ ၃ ခုကနေ ရွှေတံဆိပ် ဆွတ်ခူးနိုင်တဲ့ အမျိုးသား တဦး ဖြစ်လာ ပါတယ်။
အူစိန်ဘော့ဟာ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ၃ ခုမှာ ရွှေတံဆိပ် ၃ ခုစီ စုစုပေါင်း ၉ ခုကို ဆက်တိုက်ရရှိခဲ့တဲ့ ပြေးခုန်ပစ် အားကစားသမားတဦး ဖြစ်ပါတယ်။
ရွှေတံဆိပ် ၉ ခုဆွတ်ခူးနိုင်တဲ့အတွက် သူဟာ အမေရိကန် အလျားခုန်သမား ကားလ်လူးဝစ် ဖင်လန်က အဝေးပြေးသမား ပါဗို နာမီတို့နဲ့ အတူဖြစ်သွားပြီ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164743

No comments:
Post a Comment