မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 23, 2016

မန်ယူနောက်ခံလူ ဘလက်ကက် အားခေါ်ယူရန် ရီဒင်းအသင်း သဘော တူညီမှုရ




ချန်ပီယံရှစ် ကလပ် ရီဒင်း အသင်းသည် မန်ယူ အသင်း၏ နောက်ခံ ကစားသမား ဘလက်ကက်အား ခေါ်ယူရန် သဘော တူညီမှု ရရှိ ခဲ့ပြီဖြစ်ပြီး ဆေးစစ်မှု ခံယူနေသည့် အဆင့်သို့ ရောက်ရှိ aနပြီဖြစ်သည်။

ရီဒင်းအနေဖြင့် ဘလက်ကက်အား ခေါ်ယူ ခဲ့သည့် ပြောင်းရွှေ့ကြေးကို ဖော်ပြ ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ရာသီက ဆဲလ်တစ်အသင်းသို့ အငှားဖြင့် သွားရောက် ကစားခဲ့ရသည့် ဘလက်ကက် အနေဖြင့်မူ မန်ယူ နည်းပြသစ် မော်ရင်ဟို၏ ပြောင်းလဲမှုများ aအာက်တွင် အသင်းမှ ထွက်ခွာ ခဲ့ရပြီ ဖြစ်သည်။

မန်ယူ အသင်း၏ ငယ်မွေးခြံပေါက် ကစား သမားသည် နည်းပြ ဗန်ဟားလ်၏ လက်ထက်တွင် ပွဲထွက်ခွင့် ၁၂ ပွဲ သာ ရရှိခဲ့ပြီး ၎င်း၏ ကစားသမား ဘဝကို အငှား သွားရောက် ကစားခြင်းဖြင့်သာ ကုန်ဆုံး ခဲ့ရသည်။

ဘလက်ပူးလ်၊ ဘာမင်ဂမ်၊ ဆဲလ်တစ် စသည့် အသင်းများတွင် အငှား သွားရောက် ကစားခြင်းဖြင့် မန်ယူ ကစားသမား ဘဝကို ကုန်ဆုံး ခဲ့ရသည့် ဘလက်ကက်ကို အမှန် တကယ် ခေါ်ယူ လိုနေသည်ဟု ရီဒင်း မန်နေဂျာ ဂျပ်စတမ်းက ဝန်ခံ ခဲ့ပြီး သည့်နောက် အပြောင်း အရွှေ့မှာ အမှန်တကယ် ဖြစ်လာခဲ့သည်။

Ref: Dailymail

the voice myanmar

Originally published at - http://thevoicemyanmar.com/sports/1091-blk

No comments:

Post a Comment